နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပေါ်တူဂီမြေမှာ ရလဒ်ကောင်း ရှာဖွေရမယ့် နာပိုလီ | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘင်ဖီကာ – နာပိုလီ

ချန်ပီယံလိဂ် ပွဲစဉ် ၆ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဘင်ဖီကာနဲ့ နာပိုလီတို့ လစ္စဘွန်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ရှုံးပွဲ မရှိ ရလဒ်တွေ ကောင်းမွန်နေတဲ့ နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်ပြီး ဘင်ဖီကာနဲ့ တွေ့ဆုံချိန်တိုင်း အသာရခဲ့တဲ့ နာပိုလီတို့ ရလဒ်ကောင်း တစ်ခု ရှာဖွေသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘင်ဖီကာက လေဗာကူဆင်ကို ရှုံးနိမ့်ပြီးနောက် နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲ မရှိထားပါဘူး။ ချန်ပီယံလိဂ် မှာတော့ ဘင်ဖီကာက အဖွင့် ၄ ပွဲဆက် ရှုံးပြီးနောက် အေဂျက်စ်နဲ့ အတွေ့မှ နိုင်ပွဲ စတင် ရရှိထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘင်ဖီကာကို ဟိုဆေး မော်ရင်ညို ကိုင်တွယ်နေပြီးတော့ သူ့လက်ထက်မှာ ဘင်ဖီကာက ၉ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားပါတယ်။ ဘင်ဖီကာရဲ့ လက်ရှိ ချန်ပီယံလိဂ် လိဂ်အဆင့် ရပ်တည်မှု အရ ပလေးအော့ဖ် အဆင့်ကို တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက် ရှိနေပါသေးတယ်။ ဒါကြောင့် ဘင်ဖီကာ အနေနဲ့ လက်ကျန် ပွဲတွေကို အာရုံစိုက်နေပြီး ဒီပွဲမှာလည်း အိမ်ကွင်းမှာ ရလဒ်ကောင်း ရရှိဖို့ မျှော်လင့်နေပါလိမ့်မယ်။ တစ်ခု ရှိတာက ဘင်ဖီကာက ဒီရာသီ ချန်ပီယံလိဂ် အိမ်ကွင်း ပွဲစဉ် ၂ ပွဲ ကစားရာမှာ ၂ ပွဲစလုံး ရှုံးထားပါတယ်။

နာပိုလီ ကလည်း ဘိုလော့ဂ်နာကို ရှုံးပြီး နောက်ပိုင်း ပြီးခဲ့တဲ့ ၅ ပွဲဆက် ရှုံးပွဲ မရှိထားပါဘူး။ အန်တိုနီယို ကွန်တီရဲ့ အသင်းက လက်ရှိမှာ ပုံစံကောင်း ပြန်ရနေပြီး ရိုးမား၊ အတ္တလန္တာနဲ့ ဂျူဗင်တပ်စ် တို့လို အသင်းတွေ ကိုတောင် အနိုင်ရထားပါတယ်။ နာပိုလီက ဒီရာသီ ချန်ပီယံလိဂ်မှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပြီး ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ဖို့ လက်ကျန် ပွဲတွေမှာ ရလဒ်ကောင်း ရရှိဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နာပိုလီက အိမ်ကွင်း မှာတော့ ၂ ပွဲနိုင်၊ ၁ ပွဲ သရေကျပြီး ရှုံးပွဲ မရှိသေးပါဘူး။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဘင်ဖီကာ ဘက်က ဘာ့ရ်၊ ဘရူမာ၊ လု့ခ်ဘာကီယို၊ အာရူဟိုတို့ လွဲချော်မှာ ဖြစ်ပါတယ်။

နာပိုလီ ဘက်မှာတော့ ရိုမယ်လူ လူကာကူ ပါဝင်ကစားဖို့ မသေချာသေးပဲ မီရတ်၊ ဂူတီယာရက်ဇ်၊ အန်ဂစ်ဆာ၊ ဂေးလ်မော၊ ဒီဘရွန်းနား၊ လိုဘွတ်ကာ တို့ကတော့ လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

နာပိုလီက ဒီရာသီ ချန်ပီယံလိဂ်မှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပြီး ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ဖို့ လက်ကျန် ပွဲတွေမှာ ရလဒ်ကောင်း ရရှိဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် မရှုံးထားတဲ့ နာပိုလီ

ဘင်ဖီကာ – ထရူဘင်၊ ဒီဒစ်၊ အော့တာမန်ဒီ၊ ဆေးလ်ဗား၊ ဒါဟဲလ်၊ ရီယို့စ်၊ ဘာရန်နက်ချီယာ၊ အားစ်နက်စ်၊ ဘာရီယို၊ ဆူဒါကော့ဗ်၊ ပက်ဗ်လီဒစ်

နာပိုလီ – မီလန်ကိုဗစ် ဆာဗစ်၊ ဘူကီမာ၊ ရာမာနီ၊ ဘူရွန်ဂီရော်နို၊ ဒီလော်ရန်ဇို၊ မက်တော်မီနေး၊ အဲလ်မက်စ်၊ စပင်နက်ဇိုလာ၊ လန်းဂ်၊ နီရက်စ်၊ ဟွိုက်ဂျ်လန်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၃ ကြိမ် တွေ့ဆုံထားပြီး ချန်ပီယံလိဂ် တွေ့ဆုံမှု ၂ ကြိမ်စလုံး နာပိုလီက အနိုင်ရထားပါတယ်။ ဘင်ဖီကာ အိမ်ကွင်းမှာ ၁ ကြိမ်သာ တွေ့ဆုံထားပြီး နာပိုလီက ၁-၂ နဲ့ အနိုင်ရထားပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင်တော့ ဘင်ဖီကာက ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပြီး နာပိုလီ ကတော့ ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘင်ဖီကာ နိုင်ရင် ၂.၃၅ ဆ၊ နာပိုလီ နိုင်ရင် ၂.၈၆ ဆ၊ သရေ ဆိုရင်တော့ ၃.၀၇ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ဒဲ့ကြေးလောက်ပဲ ပေါက်နေပြီး ဂိုးပေါင်းကြေး ကလည်း ၂.၀၀ က စပါတယ်။ အဓိက ကစားသမား တချို့ မပါဝင်ပေမယ့်လည်း နာပိုလီက မကြာသေးခင် ရက်သတ္တပတ်တွေ အတွင်း အရှိန်အဟုန် တစ်ခု ရနေပါတယ်။ ဘင်ဖီကာ ကလည်း ဥရောပရဲ့ ထိပ်တန်း အသင်း တစ်သင်း ဖြစ်သလို မော်ရင်ညိုလည်း ကိုင်တွယ်နေတာကြောင့် နာပိုလီကို အတိုင်းအတာ တစ်ခု အထိ ဒုက္ခပေးသွားနိုင်ဖို့ ရှိနေပါတယ်။ အပြန်အလှန် သွင်းဂိုး တချို့ မြင်တွေ့ရနိုင်ပြီး နာပိုလီ ကပ်နိုင်သွားမယ်လို့ မျှော်လင့်ရပါတယ်။

 

ခန့်မှန်းရလဒ်

ဘင်ဖီကာ ၁-၂ နာပိုလီ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်